Saturday, September 22, 2012

ကိုရီးယားချူးဆောက်(၂၀၁၂) ပိတ်ရက် ၊ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ဓမ္မဒူတခရီး ကြွရောက်ချီးမြင့်တော်မူမည်

 

ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒသည် ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း နှင့် ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်-


၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။

၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။


၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက် (တနင်္လာနေ့)
နံနက် ၆နာရီ ၄၅ မိနစ်အချိန်တွင် ၊ ဓမ္မဒူတဝေယျာဝစ္စအဖွဲ့က ကလှူဒါန်းမည့် အရုဏ်ဆွမ်းအလှူတော်ကိုလည်းကောင်း ၊ နေ့လည် ၁၁နာရီ ၁၅မိနစ်အချိန်တွင် နေ့ဆွမ်းအလှူတော်ကို လည်းကောင်း ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁နာရီ ၃၀မိနစ် အချိန်တွင် ၊ ၂၀၁၂ခုနှစ် ချူးဆောက် အထူးတရားပွဲကို ချီးမြှင့်တော်မူပြီး ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွရောက်တော်မူပါမည် ။



ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၀ ရက် ။

၇ဟန်းဘောင်သို့ မ၀င်ဖြစ်တော့ပါ

ကိုရီးယားရိုးးရာ ကောက်ရိတ်သိမ်းပွဲပိတ်ရက်အတွင်း......၇ဟန်းဝတ်မယ်လို့စိတ်ကူထားခဲ့ပေမဲ့ အခုစရင်းပေးတာ နောက်ကျလို့ ......အဆင်မပြေတော့ပါ......ဒီတော့ မိတ်ဆွေတို့ရေ.....တရားပွဲသွားမယ် ....ဆိုးလ်သွားမယ်......တရားပွဲကလဲ  ၂ကြိမ်နော်..........ကဲကဲ ယောသူ မနက်ဖန် အလုပ်မနားရပါသောကြာင့် post အသစ် မတင်အားတော့ပါ.......ပိတ်ရိတ်မှာတွေ့ကြမယ် မိတ်ဆွေတို့ရေ.......အဟီး...........

မိန်းကလေးများ မသွားသင့်သော နေရာ


ကျွန်မ အလည်ရောက်လာခဲ့ပါတယ် ။ အမှန်တော့ ၁ လအလည်လာပြီး မြန်မာပြည်ကို ကျွန်မပြန်ဖို့ပါပဲ ။ မလေးရှားကို ရောက်တဲ့အခါမှာတော့ မြင်ရ ၊ ကြားရတဲ့ နိုင်ငံခြားရောက် လူတွေရဲ့ ဖောက်ပြန်ခြင်းတွေ ရှုတ်ထွေးပွေလီနေတဲ့ လူမှုဖောက်ပြန်မှုတွေကို လက်တွေ့မြင်လိုက်

Sunday, September 16, 2012

ကလေးမြိုက သမ္မတ ထောက်ခံပွဲ

ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ကလေးမြို့တွင် နိုင်ငံတောင် အစိုးရ ရဲ့    ရိုဟင်ဂျာအရေး၇ပ်တည်မှုအား ထောက်ခံ  ဆန္ဒဖေါ်ထုတ်ပွဲတွင် ရဟန်းနဲ့ ပြည်သူများ သောင်းချီ တက်တက်ကြွကြွ ပါဝင် ခဲ့ ကြောင်း သိရပါသည်........

မိဘမေတ္တာဖော်ကျူးတရားတော်




Click to play with other type of player

Android Winamp windows Media Player Real Player QuickTime VlcPlayer iPhone


DOWNLOAD MP3

ကြာနီကန်ဆရာတော် သီချင်းသံကြား ဘုရားဖြစ်တရားတော်



နိုင်ငံအသီးသီးမှ အမိမြန်မာပြည်သို့bank to bank ငွေ ပေးပို့နိုင်

ကဲကဲ နိုင်ငံခြား အသီးသီးသို့ေ၇ာက်နေကြသော ကိုကို မမ များခင်ဗျာ အောက်တိုဘာလဆန်းပိုင်းမှ စပြီး
အမိမြန်မာပြည်သို့ bank to bank စနစ်နဲ့ ငွေပို့ လို့ရတော့မှာဖြစ်ပါတယ် မြန်မာပြည် MOB bank က စီစဉ်ထားတာဖြစ်ပါတယ် ပို့တဲ့ နိုင်ငံကနေဘဲ ပို့ခပေးရမှာ ဖြစ်ပြီး ထုတ်ယူတဲ့ မြန်မာနိုင်ငံမှာ အခကြေးတစုံတရာ ပေးစရာမလိုတော့ပါဘူး လို့သိထားရပါတယ် ကဲဗျာ ပွဲစားတွေ ငွေဈေးနှိမ်တာလဲကြောက်စရာမလိုတော့ဘူးပေါ့

ဘာကြောင့် နာမည်ကြီးနေရတာလဲ


"အမေရိကန်တွေပြန်လာဖို့ အိမ်ဖြူတော်က အမိန့် ထုတ်ပြန်လိုက်ပြီ"

"အမေရိကန်တွေပြန်လာဖို့ အိမ်ဖြူတော်က အမိန့် ထုတ်ပြန်လိုက်ပြီ"
အမေရိကန် ပြည်ထောင်စုက တူနီးရှားနဲ့ 
ဆူဒန် နိုင်ငံတွေ အတွင်းက အမေရိကန်
သံရုံးတွေက အရေးမကြီးတဲ့ အမှုထမ်း
တွေအပါအဝင် သံရုံး အမှုထမ်းတွေရဲ့

မိသားစုဝင်တွေ အားလုံးကို အမေရိကန်ကို ပြန်လာဖို့ ခေါ်
ယူ လိုက်ပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုတွေ ကာလတခု အထိ
ဆက်ဖြစ်နေနိုင် တဲ့အတွက် အမေရိကန် အိမ်ဖြူတော်က ကြိုတင် ပြင်ဆင်
လိုက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

တူးနစ္စမြို့နဲ့ ခါတွန်း မြို့ တို့က အမေရိကန် သရုံးတွေကို ပရောဖက် မိုဟာမက်ကို သရော်တဲ့
ဗီဒီယိုကြောင့် မကျေနပ်တဲ့ ဆန္ဒပြ လူအုပ်ကြီး တွေက တိုက်ခိုက် ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောခွင့်ရသူကတော့ အမေရိကန် နိုင်ငံသားတွေ
အားလုံးကိုလည်း ခရီးသွားလာရေး နဲ့ ဆိုင်တဲ့ သတိပေး ချက်တွေ ထုတ်
ထားပေးပြီး ဖြစ်ကြောင်း ပြောပါတယ်။

Monday, September 10, 2012

ရန်ကုန်တွင် ဟိုတယ် လေးလုံး ထပ်မံတည်ဆောက်

ခရီးသွား လာရောက်မှု ၅၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သော မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း အပေါ် တွက်ချက်၍ လာမည့် ၂၀၁၃ ခုနှစ်အတွက် ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဟိုတယ် လေးလုံး ထပ်မံ ဆောက်လုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။----သတင်းအပြည့်အစုံသို့

Mobile Guide ဂျာနယ် အမှတ် ၆၉

ကဲကဲ အပတ်စဉ်ထုတ် Mobile Guide journal စောင့် နေသူများအတွက် မူရင်းနေရာကိုဘဲ လမ်းညွန်ပေးလိုက်ပါတယ် download here

Sunday, September 2, 2012

Hot news journal Vol 3 ..No; 105

သြဂုတ်လ ၃၀ ရက်နေ့ထုတ် Hot news ဂျာနယ်
download + watch full page here

ယောမင်းကြီး အကြောင်း စာအုပ်လေးပါ

ကဲ စိတ်ဝင်စားသူများ လေ့လာရန်အတွက် ယောမင်းကြီး အကြောင်း စာအုပ်လေးတင်ပေးလိုက်ပါတယ်
download + Read here

Saturday, September 1, 2012

mobile guide ဂျာနယ် အမှတ်စဉ် ၆၇


ကဲကဲ electronic ပစ္စည်းတွေ စိတ်ဝင်စားသူအတွက် တနေရားတည်း
မှာ အစုံလေ့လာလို့ရပါတယ်
မြန်မာပြည်မှာ ဘာပစ္စည်းတွေ ခေတ်စားနေတယ် ဖုန်းလောကမှ ဘယ်ဖုန်းက နေရာယူနေတယ် ဆိုတာ သိချင်ရင်တော့ ........download here

lay phyu တိမ်ဖုံးတဲ့လ

ကဲ ကဲ အချစ်ဖုံးနေတဲ့ ညီမလေးရေ ကိုလေး တိမ်ဖုံးတဲ့လ ဆိုလား တင်ပေးလိုက်ပြီနော် အလွမ်းတွေပိုက်နေရတုန်းလား